วันพุธที่ 29 กรกฎาคม พ.ศ. 2558

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ

ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ
=================================
ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ "ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက် လာတာပဲ ဆရာ"လို့ ကလေးမိဘအ တော်များများက ပြောတတ်ကြတယ်။ ဒါအမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေး ရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီ လောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါ တယ်။ နောက်တစ်ခါ ဆေးပြန်တိုက် လိုက်ရင် ကလေးက အဖျားပြန်ကျသွား ပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အ မျိုးအစားပေါ်မူတည်ပြီး(ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျား မှာလား) အဖျား ကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေး နိုင်သလဲဆိုတာက ပိုအရေးကြီး ပါတယ်။
ပိုးဝင်ခြင်း
ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ် တရက် တက်တတ်ပါတယ်။ အဲဒါမျိုး တွေဖြစ်ရင် အမေတွေက ပိုပြီးတော့ တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ် ပူပြီး တက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုး ထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိ တတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက် တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိ ပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက် တယ်ဆိုတာ သိပ်မရှိတော့ဘူး။
ကိုပှုကြီးပြီး တက်လျှင်
အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာ လည်းပြန်ကျ သွားပါတယ်၊ သတိကောင်း တယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား တယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေ မယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနားဖြစ်ရင် လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျား ကြီးလို့ တက်တာမျိုးက ဘာမှ ကြောက် လန့်စရာအကြောင်းမရှိပါဘူး။ ဆေးတစ် မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အ ခန်း (Air-condition)ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကိုကျ အောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာ ရင် အစာစားလား၊ မစားဘူးလား၊ အရည် ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်း ဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေ က ပိုပြီး အရေးကြီးပါတယ်။
ရေပတ်တိုက်သင့်၊ မသင့်
တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါ တယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊ ခဏခဏ ရေပတ်တိုက်တာ၊ ရေလောင်း နည်းဖြစ်တဲ့ ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေ အနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင် အောင် တိုက်ရပါမယ်။
အစားအစာ ကျွေးသင့်၊ မသင့်
မိဘအတော်များများက ကလေး တွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက် တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာ မျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေး လို့ ရပါတယ်။ အဲဒီအခါမှာပထမအစော ပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အ သက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အ ရည် တစ်ခုခုဝင်အောင် တိုက်လို့ရပါ မယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျား တိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆို တာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့် တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မ သောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါ တယ်။
မက်ကလောင်ဖောက်ခြင်း
မှားယွင်း လုပ်ဆောင် တတ်တာတွေ ကတော့ မြန်မာနိုင်ငံမှာ တွေ့ရများ တာက မက်ကလောင် ဖောက်တယ်ဆို တဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်က လောင် ဖောက်ရတယ် ဆိုပြီး လက်ထိပ် တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ် တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာက တော့ စအိုနားကိုပါ ဖောက်တတ်ကြပါ တယ်။ အဲဒီလိုဖောက်တဲ့ အခါ တချို့က ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အ ကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများ ကြီးပဲ။ သူ့ဘာသာသူ အပြင်မှာ နေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာ ကိုယ်ထဲ ပိုးတွေဝင် သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆို တော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွား တတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ။ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။
ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ




ထို့ကြောင့် ဆင်ဟုခေါ်သည်

လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။ 

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။

" မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။ အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေး လေးနဲ့ပဲ ပြန်ချည်တယ်။ သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ" ဟူ၍ ဖြစ်ပါတယ်။

သာဓက-
လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင် ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ် ကြပါတယ်။ ရည်မှန်းချက်များ၊ အိပ်မက်များကို ဆက်လက် အကောင် အထည် မဖော်တော့ပဲ စွန့်လွတ်လိုက်တတ်ကြပါတယ်။

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ် ပါတယ်။ ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဆိုတာကို သိရှိနားလည်ထား မှသာ အောင်မြင် လာမှာ ဖြစ်ပါတယ်။
----
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း
ပြောင်းလဲချိန်တန်ပြီ
…………………….
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
……………………………………
၁။ စီးပွားရေး
၂။ တောင်သူလယ်သမား
၃။ မွေးမြူရေးနှင့် ရေလုပ်ငန်း
၎။ အလုပ်သမား
၅။ ပညာရေး
၆။ ကျန်းမာရေး
၇။ စွမ်းအင်
၈။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ အမျိုးသမီး
၁၀။ လူငယ်
၁၁။ ဆက်သွယ်ရေး
၁၂။ သယ်ယူပို့ဆောင်ရေး
၁၃။ မြို့ပြဖွံ့ဖြိုးရေး
………………………………….
ပြည်သူလူထု၏ ဘဝများ ပြောင်းလဲချိန်တန်ပြီ။
ပြည်သူလူထု၏ ဘဝများ ပြောင်းလဲလာစေရန် 
……………………………………………….
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်မည်။
(၁) တို်င်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ ခိုင်မြဲရေး အတွက် ဦးတည် ဆောင်ရွက်မည်။
(၂) ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓါတ်ကိုအခြေခံသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ များမှတဆင့်ပြည် သူ့ဘဝ လုံခြုံအေးချမ်းစေမည်။
(၃) လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့်ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်။
(၄) ပြည်ထောင်စုဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက် စေရန် ပွင့်လင်း မြင်သာသော စီမံချက်များချမှတ် ဆောင်ရွက်မည်။
(၅) သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူ နှင့်အညီ ဒေသအလိုက်မျှတစွာခွဲဝေခံစား ခွင့်ရရှိစေရမည်။
(၆) တိုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ် သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်း ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေး ကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး အတွက် လက်ရှိ အခြေခံဥပဒေကို အောက်ပါမူများအတိုင်း ပြင်ဆင်သွားမည်။
(၁) အခြေခံလူ့အခွင့်အရေး၊ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ် ရမည်။
(၂) ရှေ့နောက် အဓိပ္ပါယ်ကွဲလွဲမှု မရှိစေရ။
(၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မည်။
(၄) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်မည်။
(၅) အပြန်အလှန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးစသည့် မဏ္ဍိုင်ကြီးသုံးရပ် အား တစ်ဖက်စောင်းနင်း မဖြစ်စေရ။
(၆) နိုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်။
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရေး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးလွတ်လပ်မှု၊ လုံခြုံမှုရှိ စေရန် ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေး နိုင်မည့် အုပ်ချုပ်မှုစနစ် တစ်ရပ် လိုအပ်သည်။ ထိုကဲ့သို့သောအုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်ရန် အောက်ပါ တို့ကို ဆောင်ရွက်မည်။
(၁) နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင် ရည်ပြည့်၍ ကျစ်လစ် သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျော့ချသွားမည်။
(၂) အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်။
(၃) ပြည်သူလူထုအကျိုးကို ရှေ့ရှုသည့်ဥပဒေများကိုလိုအပ်သကဲ့သို့ ပြင်ဆင် ပြဌာန်းမည်။
(၄) တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး စနစ်ကို ထူထောင်မည်။
(၅) တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေမည့် အုပ်ချုပ်ရေးနှင့်၊ တရား စီရင်ရေးစနစ်ပေါ်ပေါက်ရန် ဆောင် ရွက် မည်။
(၆) ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်း မည်။
(၇) အခြေခံဥပဒေက အာမခံထားသောအခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင် သွား မည်။
တရားမျှတပြီး ဘက်လိုက်မှုကင်းမည့် တရားစီရင်ရေးစနစ် ထူထောင်ရန် အောက်ပါ တို့ကို ဆောင်ရွက်မည်။
(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်။
(၂) တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် တူညီ သော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုပ်ချုပ်ရေးက တရား စီရင်ရေး အပေါ် လွှမ်းမိုး ချုပ်ကိုင်မှု ကင်းရှင်းရမည်။
(၃) ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် မိမိလက် အောက်ရှိ တရားရုံးများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြုပြင် ထိန်းကျောင်းခြင်းတို့ကို လွတ်လပ်ပိုင်နိုင်စွာ လုပ်ပိုင်ခွင့် ရှိရမည်။
(၄) ဥပဒေအရ ကန့်သတ်ချက်များမှအပ တရားစီရင်မှုကို အများပြည်သူ ရှေ့မှောက် တွင် ဆောင်ရွက်ရမည်။ စွပ်စွဲခံရသူအား တရားဥပဒေနှင့်နှင့်အညီ ခုခံချေပခွင့် အပြည့်အဝ ပေးရမည်။
(၅) တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရန် လိုအပ် သည့်ကိစ္စများကိုဆောင်ရွက်မည်။
(၆) ဥပဒေအရပြစ်မှုထင်ရှားစီရင်ခြင်းမရှိသေးသမျှမည်သူ့ကိုမဆိုအပြစ်ကင်းသည်ဟု မှတ်ယူရမည်။
တိုင်းပြည်၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အောက်ပါ တို့ကို ဆောင်ရွက် မည်။
……………………………………………………………………………
(၁) တပ်မတော်သည် နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည့်၊ ဂုဏ်သိက္ခာ ရှိသော အင်အားစုဖြစ်ရမည်။
(၂) နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ပထဝီသဘော သဘာဝ အခြေအနေများနှင့် ကိုက်ညီသော မဟာဗျုဟာအရ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင် တည်ဆောက်သွားမည်။
(၃) တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တယား တစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်။
(၄) ပြည်သူတို့၏ယုံကြည်အားကိုးလေးစားသော တပ်မတော် ဖြစ်မြောက်ရေးမူအပေါ် ရပ်တည်ဆောင်ရွက် မည်။
(၅) တရားဥပဒေစိုးမိုးရေး အောက်တွင် ဥပဒေများနှင့်အညီ ဆောင်ရွက်သော လွတ်လပ်သည့် ရဲတပ်ဖွဲ့ဖြစ် ရမည်။
(၆) မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံတကာ အရည်အသွေးမီသည့် ရဲတပ်ဖွဲ့ ဖြစ်စေရန် ဦးတည်မည်။
တိုင်းပြည်၏ နိုင်ငံခြားရေးနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်မည်။ 
……………………………………………………………………………
(၁) နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် အမှန်တကယ်တက်ကြွ လွတ်လပ်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံး၍ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက် မည်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာ၌ ပေါ်ပေါက်လာ သော အရေးကိစ္စရပ်များတွင် စစ်မှန်သော ဒီမိုကရေစီ အခြေခံများဘက်က ခိုင်မာစွာ ရပ်တည်မည်။
(၂) နိုင်ငံအချင်းချင်းအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများ ဖော်ထုတ်၍ ပူးပေါင်း ဆောင်ရွက်ကြမည်။ အထူးသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းများတွင် ဒေသ၏အကျိုးကို ဦးတည်၍ လက်တွဲဆောင်ရွက်မည်။
(၃) ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ စသည်တို့နှင့် ရင်းနှီး ခိုင်မာစွာ ဆက်ဆံမည်။
(၄) နိုင်ငံတကာနှင့် ဆက်သွယ်ရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ ကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်သွားမည်။
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
…………………………………………
ပြည်သူလူထု၏ ဘ၀များပြောင်းလဲရန် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှု လိုအပ် သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်ပါကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်မည်။
စီးပွားရေး 
………
(၁) ပြည်သူ့ဘဏ္ဍာရေးစံနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေး နှင့် ဘဏ္ဍာငွေများ စံနစ်တကျ အပြည့်အ၀ ရရှိရေး အမျှော်အမြင်ရှိရှိ သုံးစွဲရေးတို့တွင် ဘဏ္ဍာရေး ကျင့်စဉ်များနှင့်အညီ ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်မည်။
(က) အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်သူများက လိုလားစွာ ထမ်းဆောင် လိုစိတ် ရှိစေသည့် အခွန်စနစ် (အခွန်ထမ်း နယ်ပယ်ချဲ့ထွင်နိုင်ရန် လျော့နည်းသော နှုန်းထားများဖြင့် ကောက်ခံခြင်း) မျိုးပေါ်ပေါက်ရန် တွန်းအားပေးမည်။ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများအပါအဝင် အခြေပစ္စည်းများ လွှဲပြောင်းရောင်းဝယ်မှုမှ ရရှိသည့် အကျိုးအမြတ်များကို စနစ်တကျဥပဒေနှင့်အညီ ကောက်ခံသွားမည်။ ကောက်ခံ ရရှိသည့် အခွန်ငွေများ သုံးစွဲပုံကို အများပြည်သူသိရှိစေရန် ထုတ်ပြန်မည်။ (ခ) ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့စေရေးအတွက် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန် များ ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရများ အကြား အသင့်လျော်ဆုံးခွဲဝေသုံးစွဲနိုင် ရန် ဆောင်ရွက်မည်။ တချိန်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်၍ မမျှတမှုများ မဖြစ်ပေါ်စေရန် ညှိုနှိုင်းကြိုးပမ်း ဆောင်ရွက် သွားမည်။
(၂)
(က) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ နည်းပညာ နှင့် ငွေရေးကြေးရေး ဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိနိုင်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးမည်။
(ခ) ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုမည်။ငွေကြေးတည်ငြိမ်မှု ရှိစေရေး၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများ အပါအဝင် ပြည်သူများ၏ ရင်းနှီးငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် ငွေရေးကြေးရေး စံနစ်ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်။
(၃)အကောင်းဆုံး နိုင်ငံတကာကျင့်ဝတ်များနှင့် ကိုက်ညီသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ တိုးတက် မြင့်မားလာစေရန်အတွက် နှစ်ဦးနှစ်ဘက်ရေရှည် အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများကို ချမှတ် ဆောင်ရွက် သွားမည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ တိုးပွားရေး၊ နည်းပညာ လွှဲပြောင်းရရှိရေးနှင့် လုပ်အားအရည်အသွေး မြင့်မား လာရေးတို့ ပေါ်ပေါက်လာမည်။
(၄)လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ သတင်းအချက်အလက် ရရှိရေး အပါအဝင် ထိရောက်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်မည်။
(၅)လယ်ယာကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှ တစွာ ဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက် ရှိစေရေးအပြင် လယ်ယာ မြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်။ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ငွေကြေးနှင့် သွင်းအားစုများ အလုံအလောက် ရရှိရေးနှင့် လယ်မဲ့ယာမဲ့ များ၊ ကျဘမ်းအလုပ်သမားများအတွက် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ရရှိရေးဆောင်ရွက်မည်။ လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှု နှင့် ချိတ်ဆက်၍ စက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် စေကာ ပို့ကုန်တိုးတက် မြင့်မားအောင် ဆောင်ရွက်မည်။
(၆) သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရေးနှင့် စပ်လျဉ်း၍ သဘာဝ ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှု မရှိစေရေးအတွက် သင့်လျော်သည့် နည်းလမ်း များကိုချမှတ် ဆောင်ရွက်မည်။ ထိုသို့ထုတ်ယူရာတွင် ပွင့်လင်းမြင်သာသော အစီအမံများကို ပြည်သူများသို့ အသိပေးရန် စီစဉ်ဆောင်ရွက်မည်။ ရရှိသော အကျိုးအမြတ်များကို နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သီးသန့်ရံပုံငွေ တစ်ရပ် ထူထောင်ထားရှိမည်။
တောင်သူလယ်သမား 
……………………..
နိုင်ငံ၏လူဦးရေအများစုနေထိုင်ရာ ကျေးလက်ဒေသတွင် လူနေမှုဘဝမြင့်မား လာရေး နှင့် ဆင်းရဲမှုလျှော့ချရန် အထူးလိုအပ်နေပါသည်။ လွတ်လပ်စွာစိုက်ပျိုးမှုကို ကန့်သတ်ခြင်း၊ လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံမှုမရှိခြင်းတို့သည် တောင်သူလယ်သမား တို့၏ အကျိုးကို များစွာ ထိခိုက်စေသည်။
(၁) တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ် လုံခြုံမှု ရှိရမည်။
(က) လွတ်လပ်သည့် တောင်သူလယ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်ရန် အား ပေးမည်။
(ခ) တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ ကြိတ်ခွဲရောင်းချခွင့်ရှိရမည်။
(ဂ) တောင်သူလယ်သမားများ လယ်ယာမြေကို ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့် ရှိစေရမည်။
(ဃ) တောင်သူလယ်သမားများ၏ ဥပဒေမဲ့ ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက် မည်။
(င) ဥပဒေများနှင့် ညီညွတ်မှုမရှိသော လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ် စေရန် ကာကွယ်ပေးမည်။
(စ) ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် လယ်ယာမြေဥပဒေများ ပြင်ဆင် ပြဌာန်း မည်။
(၂) လယ်ယာကဏ္ဍတွင် အမြင်သစ်၊ အတွေးသစ်များဖြင့် ဆောင်ရွက်မည်။
(က) လုပ်ကွက်ငယ်တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရန် အားပေးကူညီမည်။ ဖြစ်နိုင်ချေရှိသောဒေသများ၌ ခေတ်မီစက်မှု လယ်ယာစနစ်သို့ တစ်ဆင့်ချင်းဖြစ်ပေါ်နိုင်ရေး အားပေးမည်။
(ခ) လယ်ယာလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် တောင်သူ လယ်သမား ပညာပေးရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်မည်။
(ဂ) မျိုးစေ့ဘဏ် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိရေး၊ စံချိန်စံညွှန်းမီ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အခြား စိုက်ပျိုးရေးဆိုင်ရာ ဓါတုဆေးများ စနစ်တကျ သုံးစွဲရေးနှင့် သွင်းအားစုများရရှိရေး ဦးစားပေးဆောင်ရွက်မည်။
(ဃ) သဘာဝမြေသြဇာများ ပိုမိုသုံးစွဲနိုင်ရေး၊ သြဂဲနစ်မြေသြဇာများ ထုတ်လုပ်သုံးစွဲမှု တိုးတက်လာရေးနှင့် သြဂဲနစ် နည်းပညာများ ဖွံ့ဖြိုးလာရေး အားပေးကူညီမည်။
(င) ဆန်စပါးအပါအဝင် အလားအလာရှိသော အရည်အသွေးမြင့် ပြည်ပပို့ကုန် သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပဈေးကွက်တွင် ထုတ်လုပ်မှု အရေအတွက်၊ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်လုပ်မှုဈေးနှုန်းအရ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးကို အားပေးကူညီဆောင်ရွက်မည်။
(စ) စိုက်ပျိုးရေ ရရှိရေး၊ ဆည်မြောင်းများ အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် ရေအရင်းအမြစ်ကို စနစ်တကျ အကျိုးရှိစွာ အသုံးချ စီမံခန့်ခွဲရေးကို အလေးထားဆောင်ရွက်မည်။
(ဆ) စိုက်ပျိုးနိုင်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖေါ်ထုတ်ပြီး မြေမဲ့ယာမဲ့များအား ဦးစားပေးခွဲဝေချထား၍ တရားဝင်လုပ်ပိုင်ခွင့်ရရှိရေး ဆောင်ရွက် မည်။ (ဇ) မြေကြီး၊ မြေပုံ၊ မြေစာရင်း မှန်ကန်ရေး၊ မြေယာမှတ်တမ်းများ စနစ်တကျ ထားရှိရေးနှင့် မြေယာသတင်းအချက်အလက်များ အလွယ်တကူရယူသုံးစွဲနိုင်ရေး ဆောင်ရွက်မည်။
(၃) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမားများ လူနေမှုဘဝ မြင့်မား တိုးတက်လာစေရန်
…………………………………………………………………………………………………………..
(က) လယ်ယာကဏ္ဍ ထုတ်လုပ်မှု တိုးတက်ရန် လိုအပ်သည့် ငွေကြေး၊ အရင်းအနှီး (ချေးငွေ၊ ရင်းနှီးမြှပ်နှံမှု)၊ နည်းပညာနှင့် သွင်းအားစုများ ရရှိစေရန် ဆောင်ရွက်ပေးမည်။ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက် ပေးမည်။
(ခ) ကျေးလက်နေ တောင်သူလယ်သမားမိသားစုများ လယ်ယာလုပ်ငန်းအပြင် အခြားဝင်ငွေများရရှိစေရန် ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်းများဖေါ်ဆောင်ပေးခြင်း ဖြင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်ရေး အားပေးကူညီမည်။
(ဂ) လယ်ယာထွက်ကုန်များ ဈေးနှုန်း အနှိမ်မခံရရေး၊ လွတ်လပ်သော သီးနှံဈေးကွက် ဖြစ်ပေါ်ရေး တွန်းအားပေးဆောင်ရွက်မည်။
(ဃ) စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်စက်မှုကုန်ချော ထွက်ကုန်များ ပေါ်ပေါက်စေရန် နည်းပညာဖြန့်ဝေခြင်းနှင့် လိုအပ်သော ရင်းနှီးမှုများ ထုတ်ချေးပေးခြင်း တို့ကို အထူးအားပေးမည်။ နိုင်ငံတကာမှ အကူအညီများရယူမည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း 
………………………..
ပြည်သူလူထုများအာဟာရပြည့်ဝရန်၊ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့်ပြည်ပ တင်ပို့ နိုင်ရန်ရည်ရွယ်၍ တိရိစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။
(၁) ပြည်တွင်း တိရိစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်ပြီး ပြည်တွင်းသုံးစွဲမှုဖူလုံရေးနှင့် ပြည်ပတင်ပို့မှု မြင့်မားအောင် စနစ်တကျ ဆောင်ရွက်မည်။
(၂)တိရိစ္ဆာန်မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပညာရှင်များမွေးထုတ်ရေး၊သုတေသန လုပ်ငန်းဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်မည်။
(၃) ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ တိုးတက်အောင် လိုအပ်သော အရင်းအနှီး၊နည်းပညာများနှင့် စက်ကိရိယာများရရှိရေး ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် ညှိုနှိုင်းဆောင်ရွက်မည်။
(၄)ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးများမပြုန်းတီးရေးနှင့် ပိုမိုပွားများလာရေး ဆောင်ရွက်မည်။ ကမ်းရိုးတန်းနှင့် ကမ်းလွန်ငါးဖမ်းလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ကုမ္ဗဏီများ လက်ဝါးကြီးအုပ်ငါးဖမ်းမှုများကို တားဆီးရန်နှင့် မိမိနိုင်ငံရေပိုင်နက်တွင် ငါးခိုးဖမ်းမှုများကို ကာကွယ်တားဆီးသွားမည်။
(၅)ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ အင်းအိုင်ချောင်းမြောင်း၊ ဆည်၊ တမံ ဆိုင်ရာ ဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဌာန်းနိုင်ရေး ကူညီဆောင်ရွက် မည်။
အလုပ်သမားအရေး 
………………….
အလုပ်သမားထု၏ဘဝသာယာစိုပြေရေးအတွက်ရည်စူးသော အောက်ပါလုပ်ငန်း စဉ် များကို ဆောင်ရွက်မည်။
(၁) အလုပ်သမားများ လုပ်ငန်းကျွမ်းကျင်မှု အခွင့်အလမ်းများရရှိရေး ဖေါ်ဆောင် သွားမည်။
(၂) အလုပ်သမားတိုင်း တရားမျှတ၍ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်နှင့် သင့်တော်သော လုပ်ခလစာရရှိရေးတို့ကို ဦးတည်သည့် မူဝါဒများ အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်။
(၃)အလုပ်သမားတိုင်း ခွဲခြားခံရမှုမရှိပဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိစေရန်ဆောင်ရွက်သွားမည်။
(၄) အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်ကို ကာကွယ်နိုင်ရန်အတွက် အလုပ်သမား အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရမည်။
(၅) ပုံစံအမျိုးမျိုးဖြင့် အဓမ္မခိုင်းစေခြင်း ရပ်တံ့စေရန် လုပ်ဆောင်သွားမည်။
(၆) ဥပဒေနှင့်အညီ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကိုအာမခံမည်။
(၇) ရွှေ့ပြောင်းအလုပ်သမားများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ကြီး (I.L.O) မှ ချမှတ်ထားသော စည်းမျဉ်းနှင့်အညီ အခွင့်အရေးများ ပြည့်ဝစွာ ရရှိစေရန် လုပ်ဆောင်မည်။
(၈) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်ကြီး (I.L.O) ၏ မြန်မာနိုင်ငံနှင့် ဆီလျော်သော ပြဌာန်းချက်များကို သဘောတူလက်မှတ် ရေးထိုးသွားမည်။
(၉) ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးပိုမိုရရှိစေရန်နှင့် လူမှုဘဝ လုံခြုံစေရေးအတွက် သက်ဆိုင်ရာအစိုးရများ၊အဖွဲ့အစည်းများနှင့်ညှိုနှိုင်း ဆောင်ရွက် မည်။
ပညာရေး 
…………
ပညာသင်ယူမှုသည် မွေးဖွားသည့် နေ့မှစပြီး ဘဝ တလျှောက်လုံးဖြစ်သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လူ့ဘဝ တလျှောက်လုံး ပညာ သင်ယူနိုင်မည့် အခွင့် အလမ်းများရရှိရန်နှင့် အကျိုးရှိသည့် ပညာရပ်များ တတ်မြောက်ကြရန်ဆောင်ရွက်သွားမည်။
၁။ ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည်။
၂။ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို တတ်မြောက်ပြီး ဆက်လက်ပညာ သင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန်ဆောင်ရွက်မည်။
သို့ဖြစ်ရာ
(က) မူလတန်း အရွယ်ကလေးတိုင်း ကျောင်းတွင်းမူလတန်း ပညာရေးကို ပြီးဆုံးအောင်မြင်ရန် ဆောင်ရွက်မည်။
(ခ) မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဥာဏ စွမ်းရည် အားနဲ သူကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံသော ဒေသများတွင် နေသောကလေးစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ် များ ဖော်ဆောင်ပေးမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အညီ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှု ကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။
သို့ဖြစ်ရာ
(က) ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များ အတွက် ကလေးများ၏ မိခင်ဘာသာစကားပြောနိုင်သည့် ဆရာ ဆရာမများဖြင့် သင်ကြားပေးမည်။
(ခ) မိခင်စာပေ ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အစီစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ထောက်ပံ့မည်။
၎။ ဆရာနှင့် ကျောင်းသားအချိုးမျှတစေရမည်။
၅။ ဆရာ၊ ဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မား လာစေရေး အစီအစဉ်များကို ကျောင်းတိုင်းမှ ဆရာ၊ ဆရာမ များသို့ ရောက်ရှိရန် ဆောင်ရွက်မည်။ ၆။ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေး လူတိုင်းလက်လှန်းမှီ နိုင်ရန် ကျောင်းများကို ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသများနှင့် ကျောင်းလိုအပ်ချက်အပေါ် ဦးစားပေးတိုးမြှင့် ဖွင့်လှစ်သွားမည်။
၇။ ပညာအရည်အချင်း နည်းပါးသူများ နေထိုင်မှု ဘဝ တိုးတက်ရေးအတွက် ဆက်လက် သင်ယူလိုသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း နှင့် အလားတူအဆင့်ရှိ အသက်မွေးမှု ပညာရပ်များကို ကျောင်းတွင်း၊ ကျောင်းပြင် ပညာရေး အစီအစဉ်များဖြင့် ပညာဆည်းပူးခွင့်များ ဖော်ဆောင် သွားမည်။
၈။ ကမ္ဘာ့ အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်လာစေရန် ဦးတည်ကြိုးစားမည်။
သို့ဖြစ်ရာ-
(က) တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် လွတ်လပ်သည့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်မည်။
(ခ) အသက်မွေးမှု ပညာရပ်များကို အခြား အသိပညာအတတ်ပညာ ဘာသာရပ် များနှင့်တန်းတူ တိုးတက်ဖွံ့ဖြိုးမှုဖြစ်စေမည်။
၉။ ကျောင်းသားမိဘနှင့် ရပ်ကျေးအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန် ဆောင်ရွက်မည်။
သို့ဖြစ်ရာ –
(က) နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် အခြားပုဂ္ဂလိကနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေး အထောက်အပံ့များကို အကျိုးရှိထိရောက်သည့် ပွင့်လင်း မြင်သာသောဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဖြစ်စေရန် ဆောင်ရွက်မည်။
(ခ) ထိရောက်သည့်ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မှန်ကန်သည့် အချက်အလက်များကို အခြေခံ၍ ဆောင်ရွက်မည်။
ကျန်းမာရေး 
…………..
ပြည်သူအများစုလက်လှမ်းမီနိုင်သော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှုစနစ် ပေါ်ပေါက် ရန် အောက်ပါလုပ်ငန်းများ ဆောင်ရွက်သွားမည်။
(၁) အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုပိုမိုကောင်းမွန်ကျယ်ပြန့်အောင်ဆောင်ရွက်မည်။
(၂) ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုကို လျော့ချ နိုင်ရန်အတွက် စီမံချက်များဆောင်ရွက်ပြီး ဆေးဝါးနှင့် အာဟာရချို့တဲ့မှု မရှိစေရန် ဆောင်ရွက်သွားမည်။
(၃) ကလေးသူငယ်များအား ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဗဟုသုတရရှိရန်၊ ကူးစက်ရောဂါများ ကာကွယ်နိုင်ရန် ကျန်းမာဖွံ့ဖြိုးသော လူငယ် များဖြစ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်။
(၄) လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးရေးလုပ်ငန်းများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကုသရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်။
(၅) သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်များ ဆောင်ရွက်သွား၍ ပျမ်းမျှလူ့သက်တမ်းကို ခြောက်ဆယ့်လေးနှစ် အထက်ဖြစ်ရေး ဦးတည်မည်။
(၆) ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အသဲရောင် အသားဝါရောဂါ၊ အိတ်ခ်ျအိုင်ဗီရောဂါ ဖြစ်နှုန်းများ လျော့ချရန်နှင့် လိုအပ်သောဆေးဝါးများ လုံလောက်မှုရှိစေရန် ကြိုးစား ဆောင်ရွက်သွားမည်။
(၇) မကူးစက်တတ်သော ရောဂါများဖြစ်သော်လည်း ပြည်သူလူုထု၏ ကျန်းမာရေးကို ထိခိုက်စေသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါအစရှိသည်တို့အတွက် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်းလျော့ချမည်။
(၈) နိုင်ငံပိုင်ဆေးရုံ ဆေးခန်းတို့တွင် အရည်အသွေးကောင်းမွန်သော ဆေးဝါးများ၊ ခေတ်မီဆေးကုသနည်းများ ကိုအသုံးပြုနိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ သူနာပြု၊သားဖွားဆရာမစသည်)တို့၏ အရည်အချင်း များ တိုးတက်စေပြီး ကျင့်ဝတ်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်။
(၉) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ပြည်သူ့ ကျန်းမာရေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုမည်။
(၁၀) ဆေးဝါးထုတ်လုပ်ခြင်း၊ ဆေးကုသခြင်း၊ ဆေးပညာသင်ကြားခြင်းနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် နိုင်ငံတကာပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(၁၁) မှန်ကန်သည့် သတင်းအချက်အလက်အပေါ်အခြေခံသည့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ်တိုးတက်စေရန် ဆောင်ရွက်မည်။
(၁၂) သဘာဝဘေးဒဏ်ကျရောက်သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်အစီအစဉ်နှင့် ဆက်သွယ်ရန်ခက်ခဲသော တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက် မည်။
(၁၃) တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
(၁၄) အန္တရာယ်ဖြစ်နိုင်သော အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး၊ အစားအသောက် နှင့်သောက်သုံးရေတို့ကို ပြည်သူများမသုံးစွဲမိစေရန် စနစ်တကျ ဆောင်ရွက်သွားမည်။
(၁၅) နိုင်ငံတော်မှ ကျန်းမာရေးဘတ်ဂျက်များကို တိုးမြှင့်သုံးစွဲ၍ ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုသစရိတ်များကို လျော့ချနိုင်ရန်ဆောင်ရွက်မည်။
စွမ်းအင်
………
မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်နိုင်သော အရင်းအမြစ်များမှာ-
(၁) တွင်းထွက် စွမ်းအင်
(က) ရေနံ
(ခ) သဘာဝဓါတ်ငွေ့
(ဂ) ကျောက်မီးသွေး
(၂) ရေအားစွမ်းအင်
(၃) နေရောင်ခြည်စွမ်းအင်
(၄) လေအားစွမ်းအင်
(၅) မြေအောက်အပူစွမ်းအင်
(၆) ဇီဝဓါတ်ငွေ့စွမ်းအင်
(၇) ဇီဝရေနံစွမ်းအင် တို့ဖြစ်ကြပါသည်။
(၁) တွင်းထွက်စွမ်းအင်မှာ အကန့်အသတ်ရှိပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အနည်းနှင့်အများ ဖြစ်ပေါ်စေသည်။တွင်းထွက်စွမ်းအင်မှာ လူသားများအတွက် သုံးစွဲရ အလွယ်ကူဆုံး ဖြစ်သော်လည်း အကန့်အသတ်ရှိသဖြင့် နောင်မျိုးဆက်များ အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
(၂) ရေအားစွမ်းအင် ထုတ်ယူမှုတွင် ဆည်ကြီးများတည်ဆောက်ရသည့်အတွက် သဘာဝဝန်းကျင်ထိခိုက်မှု အများဆုံး ဖြစ်သောကြောင့် ရှိရင်းစွဲရေအားစွမ်းအင်နှင့် ဆည်တည်ဆောက်ပြီးဒေသများတွင်ဆည်များကို ပြုပြင်ထိန်းသိမ်း၍ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုမည်။
(၃) တနိုင်တပိုင် လျှပ်စစ်ဓါတ်အားထုတ်ယူရန် လွယ်ကူသော နေရောင်ခြည်စွမ်းအင်၊ ဇီဝဓါတ်ငွေ့စွမ်းအင်၊ စပါးခွံလောင်ကျွမ်းမှုမှ ထွက်ရှိသော ဓါတ်ငွေ့သုံးလျှပ်စစ် ထုတ်လုပ်ခြင်း၊ အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း အစရှိသဖြင့်ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်နိုင်သော လုပ်ငန်းငယ်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်မည်။
(၄) ကျေးလက်၊ မြို့ပြများမကျန် လျှပ်စစ်ရရှိစေရန် ဦးတည်မည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး 
…………………………………..
လက်ရှိ သဘာဝန်းကျင်၏ ရေ၊ လေ၊ မြေနှင့် အသံ ညစ်ညမ်းထိခိုက်မှုကို လျော့ချသည့် အပြင် ပတ်ဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်စေရန်
(၁) သစ်တောကဏ္ဍ အလွန်အကျွံသစ်ထုတ်လုပ်မှုနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုကို လျော့ချမည်။
(၂) လယ်ယာကဏ္ဍ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်စေရန် ပညာပေးလေ့ကျင့်ပေးမည်။
(၃) သတ္တုတူးဖော်မှုကဏ္ဍ စွန့်ပစ်မြေစာများကို သတ္တုတွင်းဥပဒေနှင့်အညီ စနစ်တကျစွန့်ပစ်စေမည်။
(၄) စက်မှုကဏ္ဍ
(က) စက်မှုနှင့် လျပ်စစ်ထုတ်လုပ်မှုဆိုင်ရာ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု စနစ်တွင် ဒေသခံပြည်သူများ ပါဝင်ခွင့်ရစေပြီး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်မည်။ (ခ) ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုရှိက လိုအပ်လျင် တားမြစ်ပိတ်ပင်မည်။
(ဂ) စက်ရုံ၊ မော်တော်ယဉ်နှင့် ထင်း၊ မီးသွေးတို့ကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများကို ဥပဒေနှင့်အညီ တတ်စွမ်းသမျှ လျော့ချ ကန့်သတ်မည်။
(၅) မြေနှင့်ရေ
(က)မြေဆီလွှာပျက်စီးခြင်း၊အရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာတိုက်စားခြင်း လျော့နည်းပပျောက်စေရန် ဥပဒေပြုဆောင်ရွက်မည်။
(ခ) မြေသြဇာကြောင့် မြေဆီများပျက်စီးခြင်းကို အသိပညာပေးမည်။
(ဂ) သဘာဝရေအရင်းအမြစ်များဖြစ်သည့် ရေဝေရေလဲဒေသ၊ မြေအောက်ရေ၊ ရေတိမ်ဒေသ၊ ရေချိုရေငံ ဂေဟစနစ် ပျက်စီးမှု၊ ရေစီးရေလာကောင်းမွန်မှု တို့ကို ဥပဒေထုတ်ပြန်၍ ထိန်းသိမ်းစောင့်ရှောက်မည်။
(၆) နည်းပညာဖြန့်ဖြူးခြင်း
(က) ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ရေးနှင့် စိုက်ပျိုးနိုင်ရေး နည်းပညာများကို ဖေါ်ထုတ်သင်ကြားပေးမည်။
(ခ) သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်း၊ ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော ဘေးဒဏ်တို့မှ ကာကွယ်ခြင်း၊ သက်သာခွင့်ရရှိစေရန် ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်မည်။
(၇) သဘာဝအရင်းအမြစ်များ ခွဲဝေခြင်း
(က) သဘာဝအရင်းအမြစ်များကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခြင်း၊ ညီမျှခြင်း မရှိသော ခွဲဝေသုံးစွဲခြင်းတို့ကို ပပျောက်အောင် ဆောင်ရွက်မည်။
(ခ) သဘာဝဝန်းကျင် အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သော စနစ်တစ်ခု ဖေါ်ဆောင်မည်။
(၈) တိုက်တွန်းအားပေးဆောင်ရွက်ခြင်း
သဘာဝဝန်းကျင် အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် ဆင်းရဲမှု လျော့ချရန်နှင့်သစ်တောသစ်ပင်တို့ကို တန်ဖိုးထားကာကွယ်စောင့်ရှောက် တတ်စေရန်
(က) အစုအဖွဲ့ပိုင်သစ်တောများထူထောင်စိုက်ပျိုးခြင်း
(ခ) သီးနှံများ ရောနှောစိုက်ပျိုးခြင်း
(ဂ) တစ်နိုင်တစ်ပိုင် သစ်သီးဝလံ စိုက်ခင်းများ ထူထောင်ခြင်း
(ဃ) ဂေဟဗေဒ လေ့လာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းများ ထူထောင်ခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်မည်။
(၉) ရင်းနှီးမြှပ်နှံခြင်း
(က) ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကိုသဘာဝဝန်းကျင်ထိခိုက် ပျက်စီး စေခြင်းရှိမရှိ စစ်ဆေးသုံးသပ်ရန် ဥပဒေပြဌာန်းဆောင်ရွက်မည်။
(ခ) သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့ချရေးနှင့် ပြန်လည်စိမ်းလန်း စိုပြေစေရေးအတွက် သုတေသနနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို အားပေးမည်။
အမျိုးသမီး 
…………
(၁) အမျိုးသမီးများသည် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများထိရောက်မှုရှိစေရန် ဆောင်ရွက်မည်။
(၂) အမျိုးသမီးများ ဖိနှိပ်ချိုးနှိမ်ခံရမှု၊ မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခံရမှုများ ရပ်ဆိုင်းသွားရန် လိုအပ်သလို အရေးယူဆောင်ရွက်မည်။ အမျိုးသမီးများ မိမိကိုယ်မိမိ ကာကွယ်ပေးထားသောဥပဒေများ နားလည်လာစေရန် နှင့်ဗဟုသုတများ ပြည့်စုံရန်အတွက် ဆောင်ရွက်ပေးမည်။
(၃) မိသားစုအတွင်း မြေယာပိုင်ဆိုင်ခွင့်များအတွက် အခွင့်အရေးများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဥပဒေများကို နားလည်လာစေရေး ဆောင်ရွက်ပေးမည်။
(၄) တူညီသောလုပ်ငန်းလုပ်ကိုင်ရာတွင် တူညီသောခံစားပိုင်ခွင့် ရရှိစေရေးနှင့် အဆင့်တိုင်းတွင် ရာထူးတိုးပေးရာ၌ ခွဲခြားမှုမရှိစေရန် ဆောင်ရွက်မည်။
(၅) တန်းတူပညာသင်ကြားပိုင်ခွင့် နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များတို့တွင် ခွဲခြားမှု မရှိစေရန် ဆောင်ရွက်မည်။
(၆) ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားသတ်မှတ်ထားသော ကာလအတွင်း အမျိုးသမီး များသည် ကျန်းမာရေးအရ နိုင်ငံတော်အစောင့်အရှောက် ခံယူရရှိစေမည်။ အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် ဥပဒေနှင့်အညီ မီးဖွားအနားယူခွင့် ခံစားစေရမည်။
လူငယ် 
……..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်၏ အနာဂတ်နှင့် အဓိက အသက်သွေးကြောဖြစ်သော လူငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံဖြိုးကာ အလုပ်လုပ် နိုင်စွမ်း မြင့်မားလာစေရေးအတွက် အောက်ပါလုပ်ငန်းများအား ကြိုးပမ်း ဖော်ဆောင် ပေးမည် ဖြစ်ပါသည်။
(၁) လူငယ်များအတွက်ပညာရေး နှင့် လုပ်ငန်းခွင်ပေါင်းစပ်ပေးသော ပညာသင်ကြား နိုင်မှု အခွင့်အရေးများ ပေါ်ပေါက်လာရန် ဆောင်ရွက်မည်။
(၂) လူငယ်များအတွက်ဘဝအာမခံချက်ပေးနိုင်သောပညာရေးစနစ်တရပ် ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းဖော်ဆောင်မည်။
(၃) လူငယ်ထုကို အဓိက ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးပြသနာများနှင့် ကူးစက်ရောဂါများ လျော့ကျစေရန် ကျန်းမာရေး အသိပညာ မြှင့်တင် ပေးခြင်းများ ဆောင်ရွက်မည်။
(၄) လူငယ်များ ကာယဥာဏ ဖွံဖြိုးတိုးတက်စေရန် အားကစားသိပံ္ပများဖွင့်လှစ်ခြင်း၊ အားကစားပြုလုပ်လေ့ကျင့်ရန် ကစားကွင်းနေရာများ ပြန်လည်ဖော်ထုတ်ပေးခြင်း နှင့် ကျောင်းတွင်း အားကစားလှုပ်ရှားမှုများအား မြှင့်တင်ပေးခြင်း အစရှိသော လူငယ်နှင့် အားကစားကဏ္ဍ မြှင့်တင်ရေးများ ဆောင်ရွက်မည်။
(၅) လူငယ်များ အသိအမြင် ကျယ်ပြန့်ကာ ဗဟုသုတတိုးပွားစေရန်နှင့် အသင်းအဖွဲ့ အလို်က် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် စာကြည့်တိုက်များနှင့် လူငယ်စင်တာများ ဒေသအနှံ့ ဖွင့်လှစ်နိုင်ရန် အားပေးမည်။
(၆) လူငယ်ထု၏ ရပိုင်ခွင့် အခွင့်အလမ်း၊ အခွင့်အရေးများအား ထုတ်ဖော်တင်ပြ စေနိုင်ရန်နှင့် အခြားကဏ္ဍများ (ကျန်းမာရေး၊ ပညာရေး အစရှိသည်များ)နှင့် ချိတ်ဆက် ဖော်ဆောင်နိုင်ရန် လူငယ်အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေး အားပေးမည်။
(၇) လူငယ်များ၏တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းများအား မြှင့်တင်အားပေးမည်။
ဆက်သွယ်ရေး 
………………
ကမ္ဘာကြီးအား ရွာကြီးတစ်ရွာဟုပင် တင်စားလာသော ဆက်သွယ်ရေးများ ဖွံ့ဖြိုး တိုးတက်လာသည့် နည်းပညာခေတ်ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းပြည်၏ ဆက်သွယ်ရေးကဏ္ဍ ပိုမိုမြန်ဆန်သွက်လက်ကာ ဖွံ့ဖြိုး တိုးတက်စေရန် အောက်ပါလုပ်ငန်းများအား ကြိုးပမ်းဖော်ဆောင်ပေးမည်ဖြစ်ပါသည်။
(၁) အစိုးရ၏ မဏ္ဍိုင်(၃) ရပ် လှုပ်ရှားမှု အမှန်အခြေအနေများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးမည်။
(၂) ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်း အပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီလွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူ ဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်။
(၃) ရုပ်/သံ ၊ ရေဒီယို အစရှိသော ထုတ်လွှင့်ခြင်းများ၊ မဂ္ဂဇင်း၊ ဂျုာနယ် နှင့် သတင်းစာ အစရှိသော ပုံနှိပ် မီဒီယာများ နှင့် တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ တွင် ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်ပွင့်လင်းစွာပါဝင်ယှဉ်ပြိုင် လုပ်ပိုင်ခွင့်အား အားပေးဖော်ဆောင်မည်။
(၄) နိုင်ငံအနှံ့ အခြေခံ ဆက်သွယ်ပို့ဆောင်ရေးဖြစ်သော စာတိုက် လုပ်ငန်းများအား ခေတ်နှင့် အညီ မွမ်းမံမြှင့်တင်ကာ လုပ်ငန်းများ ထိရောက် မြန်ဆန် သွက်လက် လာစေရန်ဆောင်ရွက်မည်။
မြို့ပြ ဖွံ့ဖြိုးရေး 
……………..
(၁) အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။
(၂) မြို့ကြီးများ၏ ရှိရင်းစွဲ ရေ၊ မီး၊ မိလ္လာ စသည့်စနစ်များသည် ပျက်စီး ချို့ယွင်း နေသဖြင့် အဆိုပါ စနစ်များ ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။
(၃) မြို့ပြများတွင် သစ်ပင်များ စိမ်းလမ်းမှု ပျက်စီးလာခြင်းကို ကုစားရန် မြို့ပြ စိမ်းလမ်းရေး စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။
(၄) သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေး အကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် အတွက်လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့် အိုးမဲ့ ၊အိမ်မဲ့ ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖေါ်မည်။
(၅) ပြည်သူများ ကျန်းမာရေးနှင့် အားကစား လုပ်ရန်၊ အပန်းဖြေရန်အတွက် ထားရှိ ထားသော နေရာဟောင်းများအား ပြန်လည်ဖော်ထုတ်မည်။
ဖြစ်ရပ်မှန်ပါ
သာဓုအကြိမ်တစ်သန်းမက ခေါ်ထိုက်တဲ့
အမေရိကန်ရောက် မြန်မာလူငယ်တစ်ယောက်
အကြောင်းပါ ဗုဒ္ဓဘာသာဝင်တိုင်း အတုယူဖွယ်
အလွန်ကောင်းလှပါတယ် စာရှည်လွန်းလို့ မဖတ်ပဲ
မနေကြပါနဲ့ ဖတ်ဖြစ်အောင် ဖတ်ကြပါ။
အင်တာနက်မှာတွေ့လို့ တင်လိုက်တာပါ၊။
✔✔✔✔✔✔💯💯💯💯✔
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁-၂)
•••••••••••••••••••••••••••
အပိုင်းး(၁)
အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ
့စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ
ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။
သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ
ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး
သာယာတဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ဖို့ဆိုတဲ့လူငယ်တို့သဘာဝရှိတတ်တဲ့ မျှော်
မှန်းချက်တွေတော့ မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက်ကိုယ့်အခြေအနေနဲ့မတတ်နိုင်
တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်
လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က
ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ
နိုက်ကလပ်သွားချင်တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အ
ပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာ
ခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ
ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။
မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား
မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့
တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီးည၁၀နာရီကျော်မှ၂နာရီအထိ နိုက်ကလပ်အဖြစ်ဖန်တီးပြင်ဆင်
လိုက်တာပါ။ဆိုင်ထဲရောက်သွားရင်ပဲ“ဘုရားဘုရား--”လို့ ရေရွတ်တမ်းတမိပြီးတအံ့
တသြ ငေးမောကြည့်နေမိတယ်။
တဘက်နံရံမှာရှိနေတဲ့(၁၀)ပေခန့်ရှိတဲ့ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်
တိုင်းမြင်နေကျပါ။ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါ
တယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာဗ
ယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအ
ဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီးညဥ့်ငှက်မလေးများရဲ့ကိုယ်
အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်
ထိုးပြနေသလို စီမံထားလေသလားတော့မသိ။
ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံး
စဉ်ကမာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့တဏှာ၊ရတီ၊ရာဂါတို့ညီမသုံးယောက်ကငါဘုရားကို
လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။
ဒီအဖြူမ လေးတွေကညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမ
လားမသိ။ရန်မျိုးအောင်တော့ဘုရားကြီးအတွက်စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ရန်မျိုးအောင်
ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။
အလား--လား-- ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်
ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကို
ကိုင်လို့၊တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်
ထား ပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးကဘုရားကိုကျောမီနေပြီးသူ့တွဲဖက်
ကောင်လေးက ဘုရားပေါ်လက် ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး
ဒေါသတွေချောင်းချောင်းထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့အားလုံးကို မောင်း
ထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီး ပေမဲ့ တောင်ကြီးကို
တဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာ
တတ်နိုင်ပါမည်နည်း။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီးကြိတ် မနိုင်ခဲမရ ဖြစ်နေရတယ်၊
လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊
ထောင်းထောင်း မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်
လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေ
တဲ့အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာ
ပဲနော်လို့ သူ့အတွေး သူ့အမြင် နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။
ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား
နေမိတယ်။ဘုရားနဲ့ဒီဝန်းကျင်ကလုံးဝဆန့်ကျင် နေတယ်လေ။ဘုရားရုပ်ပွားတော်ရဲ့ 
မျက်နှာတော်ကိုစိုက်ကြည့်မိ ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရား
ကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ
သာမန်ရောက် လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်
လာခဲ့ရတာ။
ဘုရားစောင့်နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။မည်သို့ပင် ဖြစ်စေ
အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်
ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့မဟုတ်။
တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင်
ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ လိုက်တော့တယ်။
“ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။
သူရဲ့အဓိပတိစွမ်းအားရှိတဲ့ဆန္ဒအလင်းရောင်ဟာဒီဝန်းကျင်ကာမမှောင်ကိုကျော်လွန်
ကာ တောက်ပခဲ့ပေပြီ၊၊ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်၊၊
ဆူရှီဘားမှာ အလုပ်လုပ်ရင်းဆိုင်ရှင်သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်
လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့် တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။
“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။
ရန်မျိုးအောင်ဟာ သူ့ကြံ စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။
သူဋ္ဌေးက ဒီကောင်မတန်မရာဘာတွေလာပြောနေတာလဲဆိုတဲ့သဘောမျိုးနဲ့
လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်
ဆိုက်ဖြင့်အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲမလွှတ်လိုက်သည်ကိုပင်
ကျေးဇူးတင်ရမလို။ရန်မျိုးအောင်ဟာအလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ဆိုင်မန်နေဂျာအမျိုး
သ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။
မန်နေဂျာကလဲမဖြစ် နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့  မန်နေဂျာ
ကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း ဖြစ်တယ်။
ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်
ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့
ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ် မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့ မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ်စိတ်
ဆင်းရဲရတယ်။”
လို့ မအောင့်ပဲခံစားမိတဲ့ အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။
သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တ
ရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့် မယ်လို့ မျှော်လင့်မိရင်း ကျေန
ပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်းဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာတင်ထားခဲ့တဲ့အရက်
ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်ေ
တွကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို ၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်
ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှ
အကောင် အထည် ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့်
အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ်
သူဋ္ဌေးရုံးခန်း ထဲသို့ ၀င်ခဲ့မိပြန်တယ်။
“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊
ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျ
က်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင်
ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွား
တယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ ၀မ်းမြောက်ဝမ်းသာ ကတိပေးလိုက်
တယ်။
အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့
ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။
စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်
မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။
အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်းငွေခြောက်ထောင်အတွက်
လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်
လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ
စရိတ်ကလည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံကမထွက်။ ချေးးဖို့ငှါးဖို့ဆိုတာ
လဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ
ရှိရဲ့ ။
ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့
၁၀-ပေ ၁၅-ပေအခန်းလေး ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက်ဘ၀ကိုပင် ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်
ထားပြီး ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း လျှောက်
သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။
ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ် မိတယ်။ ခက်
ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်
ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်း
ရောင်းဝယ် တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး
ထားတဲ့အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့
လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ် သဘောကျလိမ့်မည်။
ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့
ထိုးပြီး“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ် ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေး
လာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်
ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။
ရန်မျိုးအောင်ဟာဆူရှီဘားမှာထိုင်ကာငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိ
တယ်။ဆိုင်ပေါင်းစုံရောက် ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံး
မပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ
- ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာ
ဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအားတက်
သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
------------------------------------------------------------
နိုက်ကလပ်မှမြတ်ဗုဒ္ဓ(၂)
••••••••••••••••••••••••
ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့
ထင်ကြလေမလား မသိ၊ တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်
ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊်
တစ်ခါတရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။
ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေ
ရာမှ အခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်
ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။
မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်
တယ်။ ရန်မျိုး အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်
လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့စိတ်
ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို
တစ်ပါ တည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသ
မျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို သာအဖန်ဖန်ရွတ်ပွားနေတော့တယ်။
တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ပင်ရောက်ခဲ့ပေပြီ။ဘုရားကြီးဝန်း
ကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ
ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်
လာတယ်၊ရန်မျိုးအောင်အလုပ်လုပ်နေရာမှထွက်လာပြီးအဖိုးကြီးကိုရိုရိုသေသေ
ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း
စူးစူးစိုက်စိုက်ပို့နေမိတယ်။ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့ကအချည်းအနှီးမဖြစ်
ပါပေ။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်
ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်
မျိုးအောင်ကတော့သူပိုင်လက်နှက်များဖြင့်ဒလပ်စပ်ပစ်ခတ်နေပေပြီ။ နောက်တစ်
ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ဘုရားဆင်းတုတော်ကြီးကိုသန့်ရှင်းရေး
လုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲ
ကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ
လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။
ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော် မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်
ပနေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ
စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ် ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်
ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ
ထင်မြင်နိုင်တယ်။
ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ က ဘုရားကြီးကိုငါပင့်လို့မရနိုင်ခဲ့ရင်ဓါတ်ပုံတွေပြပြီးအကူအ
ညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး
သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ
အပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်
အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြုလေမ
လားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်
တယ်လို့ မျှော်လင့် ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။
ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာ
ခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။
သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်” လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်
မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ
ကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။” “ဟာ-တကယ်လား”
ရန်မျိုးအောင် အရမ်းဝမ်းသာသွား ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။
သူဋ္ဌေး အားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲ
ဆိုမိတယ်။ သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။” လို့ သူ့ဖခင်ရဲ့သဘောထားကိုပါ
ရှင်းပြတော့။“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေး
ပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။ဘုရားဂုဏ်တော်တို့ ရဲ့ အစွမ်းအာနိသင်ကိုလဲ
လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောက
တွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေး
အတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့်
လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ
ဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွား
ရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာ အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။
ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ
ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့
အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်
“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။
ရန်မျိုးအောင် အားရပါးရရယ်လိုက် တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ
“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊
ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရား
ကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။” အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ“ကောင်းပါတယ်ကွာ၊မင့်စိတ်ဓါတ်ကိုချီးကျူးပါတယ်၊
လေးစားပါတယ်။မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့
တိုင်ပင်ထား တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။
” “ဟာ- တကယ်။ဝမ်းသာလိုက်တာဗျာ”ဟု ပြောပြောဆိုဆိုကိုမိုးဝင်းကိုဖက်ကာ
ဝှေ့ရမ်းလိုက်မိတယ်။ဇနီးဖြစ်သူမဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေး
ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲ ချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်
လလည်းအခမဲ့အလုပ်လုပ်ပေးပါမယ်”ဆိုတဲ့ကတိစကားအရသူဋ္ဌေးအား ခြောက်
ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလို
ရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေ
လို့လည်းကျွန်တော်ဆုတောင်းပါတယ်။”အလုပ်ကိစ္စအတွက်ဆက်လက်ဆွေးနွေးကြ
တယ်။
ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။
တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူ
လိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ ရန်
မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။ “နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်
တွေဘယ်တော့မှမထားပါနဲ့ခင်ဗျာ၊ဒီကတိလေးတစ်ခုတော့ကျွန်တော့ကို ပေးပါဗျာ။
”သူဋ္ဌေးကပြုံးပြုံးကြီးကြည့်ပြီးကတိပေးတယ်။ရန်မျိုးအောင်ရဲ့သဘောထားကိုသူဋ္ဌေး
သိနေပြီးဖြစ်ပေ လိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော် ကြီးကို နိုက်
ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များအ
တွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်
ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။
ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ
$ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။
တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆို
ရင် $ 17,520 ပင်.. ။
ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်း
ရပြန်သေး၊၊လူမှုရေးဘက်ကကြည့်ရင်တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ဒီထက်ဝင်ငွေကောင်း
တဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။
ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံေ
ရာက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။
အတွယ်အတာလည်းမရှိတော့မိဘများကိုပိုလွမ်း နေမိတယ်၊သိပ်တွေ့ချင်နေပြီ။
ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်း
သာခဲ့…။
ကံများကလဲဆန်းပါဘိ၊ဘုရားကြီးအတွက်သဲသဲမဲမဲအားခဲကြိုးစားနေတဲ့ အောက်တိုဘာ
လကမှပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ၊၊
မိဘနဲ့တွေ့လိုရေးထက်ဘုရားကြီးပင့်လိုရေးကပိုအရေးကြီးနေချိန်မို့ဘုရားကြီးပင့်ပြီးမှ
ပြန်တော့မယ် လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။
ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။
ဒီအတွက်ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေ
ရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ ကျောင်းသို့ ရန်
မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါ
လာကြ တယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။
“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ်ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ်“ဆရာတော်ဟိုတစ်ချိန်ကတပည့်တော်ဟာ ဆေးသ္မား
အဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ခုတစ်ခါတော့ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာ
တာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။
မှန်တယ် တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ၊၊
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ၊၊အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအ
သင်းတွေက လဲများပါဘိ၊အမေရိကန်မှာလွတ်လပ်တယ်ဆိုပြီးလွတ်လပ်မှုတွေကိုအ
လွဲသုံးစားလုပ်၊နောက်ဆုံးတော့ ဆေးသ္မားဖြစ် ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှစာရေးသူထံရောက်လာခဲ့တယ်။
သူ့ကိုစောင့် ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊
လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရ
တာ သိပ်မခက်လှ၊၊
သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုးဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်
ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။
သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်၊၊ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက်
သောင်းကျော်အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလ
ကမှဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ
တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။
မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗော
ဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ မြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအား
ရှိသော ဆန္ဒ ၀ီရိယများနဲ့ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်း လောက်ပါပေစွ၊၊
သာဓုခေါ်လောက်ပါပေစွ၊၊
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့
တာဝန်ရှိရှိ တာဝန်သိသိ ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လို
အပ်နေပါပြီ။
တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ သေးတယ်။
ကမ္ဘာကျော်အပျော်အပါးမြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။
ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ၊၊
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်

ဗဟုသုတ အသိများ