วันจันทร์ที่ 2 มกราคม พ.ศ. 2555

မောင်ဇျာန်ဘုန်းခန့် (ခ) မာံဝီရိဇ ဆိုသောနာမည်မှာ

ဝီရိဇ
5.6.2015 
မောင်ဇျာန်ဘုန်းခန့် (ခ) မာံဝီရိဇ ဆိုသောနာမည်မှာ ဇျာန်ဘုန်းခန့် က မုဒုံမြို့မှ အဖိုးဖြစ်သူ ဦးမြင့်ဝင်း က ဗေဒင်ဆရာနှင့် နေ့နာမ်အချိန်တွေ တွက်ချက်ပြီး ပေးခဲ့သည်
မာံဝိရိဇ ဆိုဒါကတော့ အဖေဖြစ်သူ ဦးအောင်နိုင်ဝင်း သားလေးမမွှေးခင်က ၄ ဘာသာနှင့်ခေါ်လို့ရသော နာမည်ဖြစ်  
  1. မွန်ဘာသာ မာံဝီရိဇ
  2. မြန်မာဘာသာ မောင်ဝီရိဇ
  3. ထိုင်းဘာသာ น้องวิริษะ
  4. အင်္ဂလိပ်ဘာသာ VE REE ZA
ဝီရိဇ ဆိုဒါက ဝီရိ ဆို ဝီရိယ ကိုခေါ်ဒါပါ သားလေး ဝီရိယ ရှိရှိ ဘယ်ကိစ္စ ဘယ်အရာ ဘယ်အလုပ် သည်းခံ စိတ် အလျော့မပေးတတ်သောစိတ် အနာဂတ်ရဲ့ ရည်ရွှယ်ချက်ကို ဦးထားပြီး ပစ္စုပ္ပန်ကို စိတ်ထားတတ်စေရန် ဝီရိယ ဝီရိ ကြားတိုင်း သတိဝင်စေဖို့
ဝီရိဇ ရဲ့  ကတော့ ဇာတ်ကြီးဆယ်ဘွဲ့က မဟာဇနကမင်းရဲ့နာမည်ကို သုံးထားဒါပါ
မဟာသမုဒ္ဒရာကြီး မလျော့သော လုံ့လ၊ပြင်းပြသော ဆန္ဒဖြင့် လက်ပစ်ကူးခဲ့သည် ကမ်းရောက်တော့ မင်းဖြစ်ရသည် ကြိုးစားမှုရဲ့နောက်မှာ အောင်မြင်မှုဆိုဒါတော့ရှိမှာပဲ 
ဇနကမင်းနှင့်နတ်သမီးမဏီမေခလာ သားလေးဝီရိဇနှင့် ဒေါ်က်တာဆရာဝန်မက ကျန်းမာရေးမြန်မြန်ကောင်းလာအောင် ကူညီပေးဒါပဲ

မဏီမေခလာက ကိုယ်တော်ပြပြီးဇနကမင်းသားနှင့် ဆွေးနွေးစကားပြောကြား
မဏီမေခလာ။   ။အို.....လုလင် ကမ်းဟူ​ကမမြင်ရ ကျယ်လှသော ပင်လယ်ပြင်တွင်
 ခြေလက်ပန်းကျတပြောင်းပြန်ပြန်ကူးခက်နေခြင်း၌ သင့်တွင် မည်သို့ သော
ရည်ရွှယ်ချက်များရှိပါသနည်း။
မဟာဇနက။    ။အိုတယ့် နတ်သမီး ...သင်ပြောသကဲ့သို့ ပင်လယ်ပြင်သည် ကမ်းမမြင်
ကျယ်လှသည်ကာ မှန်ပေသည် သို့သော် ကျွန်ုပ်ကဲ့သို့သော ယောက်ျားတို့သည် ဇွဲလုံ့လဝီရိယကို 
မလျော့ရာ၊ကြိုးစားပါက အကျိုးမရှိဟု မည်သူမျှမဆိုနိုင်ပေ ။သို့အတွက် ကျွနု်ပ်သည် မလျော့သော
လုံ့လပြင်းပြသော ဆန္ဒဖြင့် ပျော်ရွှင်စွာ ကူးခတ်နေခြင်းသာဖြစ်သည်။
မဏီမေခလာ။   ။သင်ပြောသောဇွဲလုံ့လ ဝီရိယအကျိုးကို အားထုတ်သူတို့မုချခံစားရမည်ကိုသည်ကား တခြားနေရာတွင် မှန်ပေမည်။ ဒီနေရာမှာ သင်လွဲမှားနေပြီး။ပင်ပန်းရုံသာရှိတော့မည်။
ရေနစ်သေဆုံးမည်ကား အသေအချာဖြစ်သည်။
မဟာဇနက။  ။နတ်သမီး....သင်ပြောသည်မှာမှန်ပေသည်။ကျွန်ုပ် ကူးခတ်နေဒါ ခြေလက်ပမ်းကျကာ
နစ်မြှုပ်သေဆုံးရမည်ကား သေချာပေသည်။ဒါပေမဲ့ ယောကျာ်းတို့ ဇွဲလုံ့လကို လုံးဝမထုတ်ဘဲ ပင်လယ်မှာ ရေနစ်သေသည်ဆိုသော အပြောကို ငါမခံလို။လုံ့လပြုရင်း သေရဒါ ပိုကောင်းပါသည်။
လုံ့လ လုံးဝအားမထုတ်သော လူမိုက်များကို အာပေးစကားများသာဖြစ်သည်။ကျွန်ုပ်တို့ကုန်သည် (၇၀၀)
လုံးပင် သင်္ဘောပျက်သဖြင့် ဒုက္ခရောက်ကြရသည်။ တချို့လည်း ငါးလိပ်တို့အစာဖြစ်ကာ သေကြေကြလေပြီး။ကျွန်ုပ်ကား လုံ့လ ဝီရိယထုက်ကာကြိုးစားသောကြောင့် ယခုကဲ့သို့ (၇)ရက်ကြာအသက်မသေပဲ သာမန်လူတို့ မတွေ့မမြင်နိုင်တဲ့ နတ်သမီးကို ငါမြင်ဖူးရပြီး အကယ်လို သင်နတ်သမီး ငါကို ကယ်ခဲပါက ဘေးကင်းကာ  လိုအင်ဆန္ဒပြည့်ဝလိမ့်မည်။သင်မကယ်လည်း ငါသည်  လုံ့လပြုသဖြင့် ထိုက်သင့်သော အကျိုးကိုရလေပြီ။
မဏီမေခလာ။    ။သင်ကား  စိတ်ဓါတ်ခိုင်မာလှသူ ဇွဲလုံ့လအားကြီးလှသူ ဖြစ်သည်။ သင်လိုလူကို ကျွန်ုပ်ကယ်တင်ပါမည်။ လူပြည်အတွက် အကျိုးရှိအောင် သင်နေထိုင်နိုင်ပြီး။သင်ဘယ်အရပ် သွားချင်သနည်း။
မဟာဇနက။    ။သင်နတ်သမီင်္း ငါ့ကို မိထိလာပြည်သို့ ပို့ဆောင်ပါလေတော့။

အခုလို ခေတ်မှာ ကြိုးစားသူများကို အားပေးကြသူများသည်။ အတွေ့အကြုံအသစ်တိုင်းမှာ ဒုက္ခ တွေတတ်သည်။အမှန်မရခင် အမှားနဲအရင်တွေကြရသည်။ 
ဝီရိဇ ဆိုတဲ့ နာမည်ကလဲ သူ့ဘဝ သူ့လောက မှာ စိတ်ပိုင်းကို အနိုင်ရပြီး အောင်မြင်မှု
အမြဲရအောင် ဝီရိယ ရှိရမည်။
သိအောင် လေ့လာ တတ်အောင် သင် ဗဟုသုတများမှကျွမ်းကျင်






















                    မုဒုံမြို့က မင်္ဂလာပွဲ

ကထွန်းပန်ဆေးရုံက NICU အခန်းက စထွက်သောအချိန်













2,1,2012ย